Mawlamyine Education College

ကျောင်းသမိုင်း


ကျောင်းသမိုင်းအကျဉ်း

၁၉၅၃ ခုနှစ်၌ ယခုအထက(၃)မော်လမြိုင်တွင် ဆရာ အတတ်သင်ကျောင်းကို စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် ယခုတည်နေရာသို့ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။

ကျောင်းအဆင့်ဆင့်တိုးတက်လာမှု

၁။  ဆရာအတတ်သင်ကျောင်း  ၁၉၅၃ ခုနှစ်မှ ၁၉၆၆ ခုနှစ်ထိ

၂။  ဆရာအတတ်သင်သိပ္ပံ  ၁၉၆၇ ခုနှစ်မှ ၁၉၉၈ ခုနှစ်ထိ

၃။  ပညာရေးကောလိပ်အဆင့်(၁)  ၁-၁၂-၁၉၉၈ မှ ယနေ့ထိ

တည်နေရာနှင့်အကျယ်အဝန်း

၁။  မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်တွင် တည်ရှိ ပါသည်။ အရှေ့ဘက်တွင် မန္တလေးရပ်ကွက်၊ အနောက်ဘက်တွင် သံလွင်မြစ်နှင့် သံလွင်တံတား၊ တောင်ဘက်တွင် မန္တလေးရပ်ကွက်နှင့် သံလွင်တံတား၊ မြောက်ဘက်တွင် သံလွင်မြစ်တည်ရှိပါသည်။

၂။  အကျယ်အဝန်းမှာ ၁၅.၈၄၁ဧကကျယ်ဝန်းပါသည်။